အဝေးရောက် မြန်မာလူငယ်များအဖွဲ့ န၀မအကြိမ် အလှူပြုလုပ်ရန် နေရာ

 


အဝေးရောက် မြန်မာလူငယ်များအဖွဲ့ န၀အကြိမ် အလှူပြုလုပ်ရန်နေရာအား အောင်မေတ္တာကျောင်းတိုက် ဘိုးဘွားဓမ္မရိပ်သာ ၊ မင်းရဲကျော်စွာလမ်း ၊ ရွှေပြည်သာမြို့နယ် ၊ ရန်ကုန်တိုင်းဒေသကြီး တွင် သွားရောက်ပြုလုပ်မည်ဖြစ်ပါသည်။ ကျောင်းတိုက်တွင် ဘိုးဘွားများတွင်သာမကပဲ ကလေးငယ်များလည်းရှိပြီ လက်ရှိတွင် ဆေးရုံဆောင်လုပ်နေပြီး ဆေးရုံဆောက်လုပ်ရန်အတွက် အုပ် ၊ သဲ ၊ ကျောက် နှင့် ဘိလပ်မြေများ လိုအပ်လျှက်ရှိပြီး အုပ်တစ်လုံးလျှင် ၅၅ ကျပ်နှုံးဖြင့် လှူဒါန်းမှု့အားပြုလုပ်နိုင်ပြီး။ ကလေးငယ်များအတွက် ပညာဒါနအနေဖြင့် ကျောင်းသုံး စာရေးကရိယာများအတွက် အလှူရှင်နည်းပါးနေပါသည်။ အဟာရဒါန အနေဖြင့် အာရုံဆွမ်းတစ်နှပ် - ၃၀၀၀၀ ကျပ် နေ့ဆွမ်းတစ်နှပ် - ၆၀၀၀၀ ကျပ် ဘိုးဘွားများအတွက် ညနေစာ - ၃၀၀၀၀ ကျပ်ဖြင့် လှူနိင်ပါကြောင်း ပရဟိတ အဖွဲ့များနှင့် အလှူရှင်များအား အသိပေး နှိုးဆော်လိုက်ပါသည်။ အသေးစိတ်အချက်လက်များအား ဆက်လက်တင်ပြသွားပါမည်။ အဝေးရောက် မြန်မာလူငယ်များအဖွဲ့ အနေဖြင့် အလှူအား ၂၆ ရက် ၅ လ ၂၀၁၃ ရက်နေ့တွင်သွားရောက်ပြုလုပ်မည်ဖြစ်ပါသည်။