အဝေးရောက် မြန်မာလူငယ်အဖွဲ့ သတ္တမအကြိမ်အလှူ

အဝေးရောက် မြန်မာလူငယ်အဖွဲ့၏ သတ္တမအကြိမ်အလှူပြုလုပ်ခြင်းအား မြသိင်္ဂီ သီလရှင်စာသင်တိုက် သီသင်ပညာရေး(ပရဟိတ) ကျောင်းတွင် သွားရောက်ပြုလုပ်ခဲ့ကြပါသည်။ သွားရောက်ပြုလုပ်ခဲ့သောအလှူ အမျိုးအစားများမှာ ဆန် ၁၃ အိပ် (တစ်အိပ်အား အလှူရှင် အာခိုမှ လှူဒါန်းပြီး)၊ ကုလားပဲ ၁၀ ပိဿ ၊ ဆီ ၁၀ ပိဿ ၊ အချိုမုန့်ပေါင်ထုပ် ၂ ထုပ် ၊ ငါးခြောက်တစ်ထုပ် ၊ ကြက်သွန် ပိဿ ၄၀ ၊ မုန့်လက်ဆောင်း လူ ၁၇၀ စာ တို့ကိုသွားရောက်လှူဒါန်းမှု့အားပြုလုပ်ခဲ့ပြီး အဝေးရောက် မြန်မာလူငယ်အဖွဲ့ အလှူပြုလုပ်သည့်ရက်နှင့် အလုံမြို့နယ်မှ ဂရုနာဖြူစင်ဖွဲ့မှ မြသိင်္ဂီ ကျောင်းတွင် ကျောင်းမှ သီလှရှင်ဆရာလေးများနှင့် ကလေးငယ်များအား ထမင်းကျွေးခြင်းအလှူ ပြုလုပ်ခြင်းမှာ တရက်တည်းဖြစ်နေပါသဖြင့် ဂရုနာဖြူစင်အဖွဲ့ (အလုံမြို့နယ်) မှ ဓါတ်ပုံတချို့အား တပေါင်းတည်းတင်ပြပေးလိုက်ပါသည်။ အဝေးရောက် မြန်မာလူငယ်အဖွဲ့(ရန်ကုန်)မှ အဖွဲ့ဝင်များသည်ကျောင်းသားကျောင်းသူများ ဖြစ်သောကြောင့် စာမေးပွဲရက်နီးနေပါသဖြင့် ယနေ့ပြုလုပ်သောအလှူတွင် အားလုံးမလိုက်ပါနိုင်သည်ကို ခွင့်လွှတ်ပေးကြပါရန် တပါတည်းအသိပေးအပ်ပါသည်ခင်ဗျာ။