အဝေးရောက် မြန်မာလူငယ်များအဖွဲ့ ပဉ္စမအကြိမ်အလှူ

ပဉ္စမအကြိမ် အဝေးရောက်မြန်မာလူငယ်များအလှူအား ၁၃.၀၁.၂၀၁၃ ရက်နေတွင် ရွှေတောင်တိုက်သစ် ဘုန်းတော်ကြီးပညာသင်ရေးကျောင်းသို့ စာအုပ်စာတန်းအလှူဒါနပြုလုပ်ခြင်း၊ အဟာရအလှူအဖြစ် မုန့်ဟင်းခါးကြွေးခြင်းနှင့် ဆေးဝါးအလှူဒါနများအားပြုလုပ်ခဲ့ပါသည်။ အလှူရှင်များ နှင့် အွန်လိုင်းပေါ်မှ သူငယ်ချင်းများ ဖြင့်သာဓုခေါ်နိုင်စေရန်အတွက် မျှဝေးပေးလိုက်ပါသည်။ရန်ကုန်အဖွဲ့မှ ညီအကိုမောင်နှမများအားလုံးကိုလဲ အဖွဲ့ဝင်များအားလုံးမှ ကျေးဇူးတင်ရှိပါကြောင်း တင်ပြလိုက်ရပါသည်။